Smart Island မြန်မာနိုင်ငံတောင်ပိုင်းဒေတွင်ရှိသော မြိတ်ကျွန်းစုရဲ့အလှ


Stone Beach လို့ခေါ်တဲ့ ကျောက်လုံးကမ်းခြေပါ။ ၄င်းကျွန်းသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင်တည်ရှိပြီး သဘာဝအတိုင်းလှပနေသော ကျွန်းတစ်ကျွန်းဖြစ်ပါသည်။ ၄င်းကျွန်းသည် ၂၀၁၇ ခုနှစ်တွင် ခရီးသွားများအား စတင်မိတ်ဆက်လိုက်သော ကျွန်းအသစ်တစ်ခုဖြစ်ပါသည်။ ဆိုလိုသည်မှာ ယခင်ကာလများတွင် ခရီးသွားများသည် နှစ်ဖက်လှ နှင့် နတ်သမီးရေတွင်းကျွန်းများသို့သာ သွားရောက်လည်ပတ်ကြပြီး ၄င်းကျွန်းအား သတိမမူခဲ့မိကြပေ။ ၄င်းကျွန်း၏အမည်မှာ စမတ်ကျွန်း (ပါပတ်ကျွန်း) ဖြစ်သည်။ Smart ကျွန်းသည် ထူးဆန်းစွားဖြင့် တစ်ဖက်တွင် သဲသောင်ကမ်းခြေတည်ရှိပြီး တစ်ဖက်တွင်မူ အလွန်ပင် လှပသေးငယ်ပြီး အရွယ်အစားတူညီသော ကျောက်လုံးလေးများစွတည်ရှိနေပေသည်။ ထို့အပြင် ရေအောက်ရှိ ငါးအလှအပများနှင့် ကျောက်ပန်းအားများ ကြည့်ရှုနိုင်သော နေရာလည်း ဖြစ်သောကြောင့် မြိတ်မြို့ရှိ သဘာဝအလှပများ ရှိရာ ကျွန်းများဆီသို့အလည်လာရန် ဖိတ်ခေါ်အပ်ပါသည်။

Comments