Mangrove trees တွေများစွာကိုသဘာဝအတိုင်းတွေ့နိုင်မည့် မြိတ်မြို့အနီးမှ မစန်းပါး ရွာ


ရာသီဥတုပြောင်းလဲလာမှု (သို့) ဖောက်ပြန်လာမှုတို့ကြောင့် သစ်တောများနည်းပါးလာမှုနှင့်အတူ လူသွားတို့၏အလွန်အကြွံသစ်ခုတ်မှုတို့ကြောင့် မြန်မာနိုင်ငံသည်လည်းသစ်တောပြုန်းတီးမှုအများဆုံး နိုင်ငံစာရင်းတွင် ပါဝင်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဒီရေတော၏အကျိုးပြုပုံများမှာ ပင်လယ်ပြင်တွင်ကျက်စားနေထိုင်ကြသော ငါး၊ပုစွန်၊ဂဏန်း၊ဖျံ၊လင်းပိုင်၊ငှက်အမျိုးမျိုးသည် ဒီရေတောကိုမှီခိုအားထားပြီး နေထိုင်နေကြရပါသည်။ လူတို့သည်လည်း၎င်းဒီရေတောကိုမှီခိုအားထားပြီး နေထိုင်ကျက်စားနေသော သတ္တဝါးများကို ဖမ်းဆီးပြီး ရောင်းချကာ မိမိတို့ဝမ်းစာအတွက် အသက်မွေးဝမ်းကြောင်းပြုနေကြပါသည်။ မစန်းပါး ရွာသည် မြိတ်မှ စပိဘုတ်ဖြင့် မီနစ် ၂၀ခန့်မောင်းနှင်ပါက ၄င်းရွာသို့ရောက်ရှိမည်ဖြစ်ပါသည်။ ၄င်းရွာသည် အိမ်ခြေအားဖြင့် ၁၀၀ ခန့်ရှိပြီး အဓိကစီပွားရေးမှာ ဂဏန်းဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့်အပြင် ၄င်းရွာသည် ရွားအနီးရှိဒီရေတောကို မှီခိုအားထားပြီး အသက်မွေးဝမ်းကြောင်းပြုနေရခြင်းဖြစ်သည်။ ထို့ကြောင့် ၄င်းဒီရေတောများသည် အလွန်ပင်အရေးပါပြီး လူသားများအပြင် တခြား သတ္တဝါများအတွက်ပါ အရေးပါသောကြောင့် ထိန်းသိမ်းရန်လိုအပ်ပါသည်။ ၄င်းဒီရေတောသည် ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခုအနေဖြင့် မြိတ်မြို့အနီးတွင်ရှိနေပြီး ကံကောင်းပါက ဖျံအပြင် လင်းပိုင်များကို လည်း ရံဖန်ရံခါတွေ့ရတတ်သောကြောင့် သဘာဝအတိုင်းတည်ရှိနေသော ၄င်းဒေသအားအလည်လာရန်ဖိတ်ခေါ်အပ်ပါသည်။

Comments